ရေးမြို့နယ် ကနင်ကမော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်

ရေးမြို့နယ် ကနင်ကမော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်

မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ကျေးရွာနှင့် သံကတိုက်ရွာအနီးသို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် အင်အား(၁၅၀)ဝန်းကျင်ဖြင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ညနေ(၄)နာရီဝန်းကျင်တွင် (၄၅)မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသည့်စစ်ကောင်စီတပ်ကို အမြှောက်တပ်မှ ညနေ(၆)နာရီဝန်းကျင်အထိ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ကို KNLAတပ်ရင်း(၂၇) ခွဲ(၄)နှင့် ကျားဖြူပူးပေါင်းစစ်ကြောင်းတို့က စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၇)ဦးသေကာ ဒဏ်ရာရသူများလည်းရှိခဲ့သည့်အပြင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၏ ယနေ့ ဩဂုတ်လ (၂၉)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

Photo : ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C