ရန်ကုန်မြို့လယ်တစ်နေရာတွင် မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ စာသားချိတ်ဆွဲ

ရန်ကုန်မြို့လယ်တစ်နေရာတွင် မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ စာသားချိတ်ဆွဲ

ရန်ကုန်မြို့လယ်တစ်နေရာတွင် "မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ" ဆိုသည့် စာသားကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်)က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၅)ရက်နေ့တွင် ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါဘန်နာအား  စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် မတရားဥပဒေများအား သတိပြု တွန်းလှန်ရေးရည်ရွယ်ချက်များဖြင့် ချိတ်ဆွဲခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ဘန်နာချိတ်လှုပ်ရှားမှုအား Youth Scout for Democracy (YSD)မှလည်း ကင်းထောက်ပံ့ပိုးကူညီပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency