ဗိုလ်ချုပ်ကြီး မိုးအောင်ကို ဦးစီးချုပ်ရေ ရာထူးမှဖယ်ရှား

ဗိုလ်ချုပ်ကြီး မိုးအောင်ကို ဦးစီးချုပ်ရေ ရာထူးမှဖယ်ရှား
ဇန်နဝါရီ 8, 2024 | 2021 Military Coup

ဗိုလ်ချုပ်ကြီး မိုးအောင်ကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးမှ ဖယ်ရှားကာ စစ်ကောင်စီဥက္ကဌရုံး ဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးအဖြစ် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့တွင် ပြောင်းလဲခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

ဗိုလ်ချုပ်ကြီးမိုးအောင်၏နေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ခန့်အပ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသေးပါ။

စစ်ကောင်စီက ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အတူ ဦးကိုကိုလှိုင်ကို စစ်ကောင်စီဥက္ကဌရုံး ဝန်ကြီးဌာန(၁)၊ ဦးအောင်နိုင်ဦးကို စစ်ကောင်စီဥက္ကဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးများအဖြစ် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်ကြီးမိုးအောင်ကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးထားသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏နေရာတွင်လည်း အစားခန့်အပ်ခံရသည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး မိုးအောင်သည် အာဏာရှင်ဟောင်း သန်းရွှေလက်ထက်က စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားဖြစ်ကာ  စစ်တက္ကသိုလ် အပတ်စဉ်(၂၈) ကျောင်းဆင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး မိုးအောင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဖြစ်လာပြီး ၎င်းမိသားစုတို့သည် ယူနိုက်တက်အမရဘဏ်(UAB)ဘဏ်ကို ပိုင်ဆိုင်သည်။

#TachileikNewsAgency