မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ထံမှ လက်နက်၊ ခဲယမ်းမျိုးစုံ နှင့် စစ်ရေး အကူအညီများရရှိခဲ့ကြောင်း KNDF က တရားဝင် ထုတ်ပြောလာ

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ထံမှ လက်နက်၊ ခဲယမ်းမျိုးစုံ နှင့် စစ်ရေး အကူအညီများရရှိခဲ့ကြောင်း KNDF က တရားဝင် ထုတ်ပြောလာ

 မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ထံမှ လက်နက်၊ ခဲယမ်းမျိုးစုံ နှင့် စစ်ရေးအကူအညီများရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ထည့်သွင်းထုတ်ပြန်လာသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ထံမှ ယင်းအကူအညီများရရှိခဲ့သည့်အပြင် KNU ထံမှ စစ်ရေးသင်တန်းအကူအညီ၊ KA ထံမှ စစ်ရေးဦးဆောင်မှု၊ ဖေးမကူညီမှုများရရှိခဲ့ကာ NUCC၊ NUG၊ CRPH တို့နှင့်လည်း ဆက်လက်ပြီး လက်တွဲပူးပေါင်းသွားမည်ဟု  ‌၂၀၂၃ခုနှစ်၊ မေလ(၃၁)ရက်နေ့ တွင် ထုတ်ပြန်လာသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ အကူအညီများကြောင့်လည်း တော်လှန်ရေးအစကို အားကောင်းစွာ စတင်နိုင်ခဲ့ပြီး ယနေ့အထိ စစ်ရေး၊ နိုင်ငံရေးတွင် ခိုင်မာသည့်လမ်းကြောင်းပေါ်  လျောက်လှမ်းနေနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

(၂)နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း( ၁,၀၀၀ )ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် အမျိုးအလက်(၆၀၀)ကျော်၊ စခန်းငယ်(၁၀)ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဒါ့အပြင် စစ်ကောင်စီတပ်သား(၁,၀၀၀)ကျော် သေကာ KNDF ရဲဘော်(၁၃၅)ဦးကျဆုံးခဲ့ရပြီး (၇၅)ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNDF, CJ, AA