ကလေးမြို့တောင်ပိုင်းအတွင်း နယ်မြေရှင်းလင်းရာမှ စစ်ကောင်စီတပ်သား (၇)ဦး အလောင်း နှင့် လက်နက်များ တွေ့ရှိ

Photo: Kalay PDF
Photo: Kalay PDF
ကလေးမြို့တောင်ပိုင်းအတွင်း နယ်မြေရှင်းလင်းရာမှ စစ်ကောင်စီတပ်သား (၇)ဦး အလောင်း နှင့် လက်နက်များ တွေ့ရှိ
ဧပြီ 29, 2022 | အခြားဒေသများ

ကလေးမြို့တောင်ပိုင်း၊ အရှေ့စည်းရွာအနီးဝန်းကျင်ကို ယနေ့ ဧပြီလ(၂၈)ရက်နေ့တွင် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်း(၇)လောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ကလေး PDF က သတင်းထုတ်ပြန်လာသည်။

ယင်းနေရာသည် စစ်ကောင်စီတပ်နှင့် ဧပြီလ(၂၇)ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး နယ်မြေဝင်ရောက်ရှင်းလင်းရာ MA မောင်းပြန် (၁) လက်၊ MA ကျည်အိမ်(၈) ခု၊ (၅.၅၆) ကျည် (၅၀၀) တောင့် ၊ အီနာဂါ ဗုံးသီး (၁)လုံး၊ (၆၀) မမ ဗုံးသီး (၂) လုံး၊ ဖုန်း (၃) လုံး၊ စကားပြောစက် (၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဧပြီလ(၂၈)ရက်နေ့ နံနက်ပိုင်းက  ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာဘက်မှ အရှေ့စည်းရွာဘက်သို့ ဦးတည်၍ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့သည့်အပြင် အောင်မင်္ဂလာရွာနှင့် အောင်သာယာရွာများဘက်သိုလည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကာ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။