ကျွန်းစုမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ဖမ်းဆီးခံရစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခံရ 

ကျွန်းစုမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ဖမ်းဆီးခံရစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခံရ 

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် သဘောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်၊ ပျူစောထီးခေါင်းဆောင် ကျော်မြင့် ဆိုသူအား ၂၀၂၄ ခုနှစ် မေလ (၇)ရက်နေ့တွင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင် ကျော်မြင့်အား ပစ်ခတ်ပြီးနောက် ၎င်းထံမှ (၉)မမ ပစ္စတိုတစ်လက်၊ (၉)မမ ကျည် (၂၅)တောင့်၊ လက်ထိပ် (၁)ခု၊ ငွေသား (၃)သိန်း၊ ဖုန်းတစ်လုံးနှင့် အုပ်ချုပ်ရေးမှူးကဒ်ပြား မှတ်ပုံတင်၊ မီးသတ်ကဒ်ပြားနှင့် သက်သေခံစာရွက်စာတန်းများ၊ သက်သေခံပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ၊ ကျေးရွာတာဝန်ခံ(ရာအိမ်မှူး)များအားလုံး စစ်ကောင်စီ၏ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်မှူထမ်းမဲများကောက်ယူပေးနေခြင်း၊ ပြည်သူများအား ခြိမ်းခြောက် စစ်မှူထမ်းကြေးများ တောင်းခံခြင်း၊ ပြည်သူများအား ပုံစံအမျိုးမျိုးတို့ဖြင့် ခြိမ်းခြောက်အနိုင်ကျင့် ပြုမူနေခြင်းများအား လုံးဝရပ်တန့်ကြရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

#TachileikNewsAgency

Photo: ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ