ကန်ပက်လက်မြို့ ရန်အောင်စေတီကုန်းအနီးရှိ စစ်ကောင်စီတပ် ကင်းစခန်းကို PDF နှင့် CDFတပ်တို့ ပူးပေါင်းတိုက်ခိုက်

ကန်ပက်လက်မြို့ ရန်အောင်စေတီကုန်းအနီးရှိ စစ်ကောင်စီတပ် ကင်းစခန်းကို PDF နှင့် CDFတပ်တို့ ပူးပေါင်းတိုက်ခိုက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ ရန်အောင်စေတီကုန်း အနီးတွင် ကင်းယူထားသော စစ်ကောင်စီတပ် ကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ် ကင်းစခန်းကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်(ဂန့်ဂေါခရိုင်) အမှတ် (၁၃)တပ်ရင်းနှင့် CDFမင်းတပ်၊ CDFကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးသည်ဟုလည်း NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မကွေးတိုင်းအနောက်ခြမ်းနှင့် ချင်းပြည်နယ်လမ်းပိုင်းများကို စိုးမိုးထိန်းချုပ်ရန် ကြိုးစားဆောင်ရွက်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေသည်ဟု NUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

#TachileikNewsAgency

Photo :Ministry of Defence-NUG