ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်တဲများနှင့် နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့သွား

ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်တဲများနှင့် နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့သွား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မကျီးကုန်းကျေးရွာမှ နေအိမ်များ နှင့် ချောင်းခြားကျေးရွာအနီးရှိ စစ်ရှောင်တဲများကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၃)ရက်နေ့က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ 

မနေ့က နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ချပ်ကြီးရွာအထိုင်စခန်းမှ ထွက်လာသည့် အင်အား(၁၀၀)ကျော်ပါသည့် စစ်ကောင်စီတပ်သည် မကျီးကုန်းကျေးရွာမှ နေအိမ် (၉)လုံးနှင့် စပါးတိုက်(၅)လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းစစ်ကောင်စီတပ်များသည် ပင့်သာတိုက်နယ် ချောင်းခြားကျေးရွာအနီးရှိ စစ်ရှောင်တဲ (၂၅)လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

၎င်းစစ်ကြောင်းသည် ယနေ့ ဇူလိုင်လ (၄)ရက်နေ့ နံနက်ပိုင်းတွင် ချောင်းခြားကျေးရွာစာသင်ကျောင်း၌ တပ်စွဲထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရသည်။

#TachileikNewsAgency

Photo : ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့