ပလက်ဝရှိ စစ်ကောင်စီတပ် ဗျူဟာစခန်းကုန်းနှစ်ခုကို AA ဝင်တိုက်

ပလက်ဝရှိ စစ်ကောင်စီတပ် ဗျူဟာစခန်းကုန်းနှစ်ခုကို AA ဝင်တိုက်
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာ နေရယူထားသော တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ အထိုင်ချ ဗျူဟာတပ်စခန်း (၂)နှစ်ခုအား ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ခုခံနေရပြီး AAတပ်ဖွဲ့ဝင်များက  ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု AAက သတင်းထုတ်ပြန်သည်။ 

ယမန်နေ့က ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅)ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ယင်းနေ့တွင်ပင် သိမ်းပိုက်ရရှိခဲ့ကာ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄)ရက်၊ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါ (၁၁)ဦးဖမ်းမိကာ (၂၈)ဦးလက်နက်ချ အညံ့ခံပြီး တပ်စခန်း(၄၀) နီးပါး စွန့်ပစ်ထားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency