ပခုက္ကူမြို့နယ် ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲရာ ဆရာမတစ်ဦးသေဆုံးပြီး ပအဖ (၄)ဦးဒဏ်ရာရ

ပခုက္ကူမြို့နယ် ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲရာ ဆရာမတစ်ဦးသေဆုံးပြီး ပအဖ (၄)ဦးဒဏ်ရာရ

မကွေးတိုင်း ပခုက္ကူမြို့နယ် ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချရာ ဆရာမတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး မြို့နယ် ပအဖအဖွဲ့ဝင်(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် မတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းက ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းတွင် အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းတွင် ဆရာမတစ်ဦး သေဆုံးပြီး မြို့နယ် ပအဖ အဖွဲ့ဝင်(၄)ဦး ဒဏ်ရာရရှိခဲ့ကာ ကျောင်းနှင့် ကားတစ်စီး ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စာသင်ကျောင်းအား လေကြောင်းမှတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ပြီး ယခုဖြစ်စဉ်ကို ကျူးလွန်ခဲ့သူ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် နောင်တချိန်တွင် ကျူးလွန်ခဲ့သည့်ပြစ်ဒဏ်အတိုင်း တာဝန်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency