ကိုးကန့်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကိုးကန့်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)တို့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



၂၀၂၃ခုနှစ်၊ ဇွန်လ(၁)ရက်နေ့က ကိုးကန့်ဒေသကို စစ်အင်အား (၇၀) ကျော်ပါသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာ MNDAA တပ်မဟာ(၅၁၁)နှင့် ဇွန်လ(၄ )ရက်နှင့် (၅)ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ဇွန်လ(၄ )ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ကားတစ်စီးပျက်စီးပြီး ထိခိုက်သေဆုံးသူများဖြင့် ပြန်လည်ဆုတ်ခွါသွားရကာ ဇွန်လ(၅ )ရက်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။



နှစ်ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စက်သေနတ်ကျည် (၂၃၀)တောင့်၊ Type69 ဒုံးပျံ (၃)လုံး၊ ဦးတည်မိုင်း (၁)လုံးနှင့် အခြားမိုင်းများ၊ အမြောက်ကျည် (၃)ခု၊ ကျောပိုးအိတ်ကြီး (၁၀)လုံး၊ ဖုန်း(၁)လုံးနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု The Kokang က ယနေ့ဇွန်လ(၆)ရက်‌နေ့တွင် ဖော်ပြထားသည်။



#TachileikNewsAgency

Photo : The Kokang