TNLA ၏ အုပ်ချုပ်ရေးဆိုင်ရာ အထွေထွေစီမံအုပ်ချုပ်ရေးကျောင်း အပတ်စဉ် (၂) စတင်ဖွင့်လှစ်

TNLA ၏ အုပ်ချုပ်ရေးဆိုင်ရာ အထွေထွေစီမံအုပ်ချုပ်ရေးကျောင်း အပတ်စဉ် (၂) စတင်ဖွင့်လှစ်
ဖေဖော်ဝါရီ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တအာင်းလွတ်မြောက်ဒေသတစ်နေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA/PSLF)၏ အုပ်ချုပ်ရေးဌာနက အပတ်စဉ် (၂) အထွေထွေစီမံအုပ်ချုပ်ရေးကျောင်းအား ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အပတ်စဉ် (၂)အတွက် ဖွင့်ပွဲအခမ်းအနားသို့  PSLF/TNLA အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်၊ တွဲဖကအတွင်းရေးမှူး(၁) တားအိုမ်တမာဝ်း၊ ဗဟိုအုပ်ချုပ်ရေးဌာနမှူး တားဂူ;ဇာရ်နှင့် တားညောတ်မျံမ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အပတ်စဉ် (၂) အထွေထွေစီမံအုပ်ချုပ်ရေးကျောင်း၏ သင်ကြားမှု ကာလမှာ (၂၆)လကြာမည်ဖြစ်ပြီး တက်ရောက်သူ (၅၂)ဦးရှိရာ ၎င်းတို့အား ဘာသာရပ်ပေါင်း (၇၀)ကျော် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းတက်ကာလ (၂၆)လအတွင်း အင်္ဂလိပ်စာ၊ တအာင်းရုံးသုံးစာ၊ ကွန်ပျူတာ၊ နိုင်ငံရေး၊ ကိုယ်ခံပညာ၊ ခွဲခွာချီတိုက်(ကိုယ်စီ ၁၈)၊ နိုင်ငံတကာအခွင့်အရေး၊ ဥပဒေဘာသာရပ်နှင့် ခေါင်းဆောင်မှုပညာရပ်များအပြင် အခြားဘာသာရပ်များကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုလိုပဲ ပြီးခဲ့သည့် ၂၀၁၈ - ၂၀၁၉ခုနှစ်တုန်းကလည်း အပတ်စဉ် (၁) အထွေထွေစီမံအုပ်ချုပ်ရေးကျောင်းကို ဖွင့်လှစ်ရာ ကျောင်းသား (၅၄)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အပတ်စဉ်(၁)ကျောင်းဆင်း ကျောင်းသားများအား TNLA  အုပ်ချုပ်ရေးဌာန၏ ဒုမြို့နယ်မှူး၊ မြို့နယ်အရာရှိ၊ တိုက်နယ်မှူး၊ ရုံးအုပ်စသည့် လုပ်ငန်းတာဝန်အသီးသီးတွင် တာဝန်ခွဲဝေပေးထားကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

#TachileikNewsAgency

Photo: TNLA/PSLF