ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်မှ တဆင့် အာလူးကြော်လုပ်ငန်းလုပ်ကိုင်သည့်နေအိမ် မီးလောင်ကျွမ်း

ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်မှ တဆင့် အာလူးကြော်လုပ်ငန်းလုပ်ကိုင်သည့်နေအိမ် မီးလောင်ကျွမ်း
ဧပွီ 26, 2018
By Tachileik News Agency


ကျောက်မဲခရိုင် သီပေါမြို့နယ် စံဖိတ်ကျေးရွာ၊ ရွှေပြည်သာကွက်သစ်၊ နယ်မြေ(၃) ရှိ နံနက် (၉) နာရီခန့်က နေအိမ်ဘုရားစင်တွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်ရာမှ ဘုရားစင်ကြမ်းခင်းနှင့် ဘေးထရံကာများကို စတင် လောင်ကျွမ်းခဲ့ရာ သီပေါမြို့နယ်မီးသတ်စခန်းမှ သွားရောက် ငြှိမ်းသတ်ခဲ့ရာတွင် နံနက် (၉) နာရီ (၃၅) မိနစ်ခန့်တွင် လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။



သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် ဧပြီလ (၂၆) ရက်နေ့ နံနက်ပိုင်းက အာလူးကြော် လုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ကျောက်မဲခရိုင် သီပေါမြို့နယ် စံဖိတ်ကျေးရွာ၊ ရွှပြေည်သာကွက်သစ်၊ နယ်မြေ(၃) ရှိ နံနက် (၉) နာရီခန့်က နေအိမ်ဘုရားစင်တွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်ရာမှ ဘုရားစင်ကြမ်းခင်းနှင့် ဘေးထရံကာများကို စတင် လောင်ကျွမ်းခဲ့ရာ သီပေါမြို့နယ်မီးသတ်စခန်းမှ သွားရောက် ငြှိမ်းသတ်ခဲ့ရာတွင် နံနက် (၉) နာရီ (၃၅) မိနစ်ခန့်တွင် လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပေ (၃၀×၂၀×၁၂ )ပေ အကျယ်အဝန်းရှိ သွပ်မိုး ထရံကာ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်အား (ပ) ၆၀/၂၀၁၈၊ ပုဒ်မ ၂၈၅ မီးပေါ့ဆမှုဖြင့် သီပေါမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~