အိမ်ခြံမြေပွဲစား တစ်ဦး ပြန်ပေးဆွဲခံရပြီး တောင်းသလောက်ငွေမရ၍ သတ်ခံရ

အိမ်ခြံမြေပွဲစား တစ်ဦး ပြန်ပေးဆွဲခံရပြီး တောင်းသလောက်ငွေမရ၍ သတ်ခံရ

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ အိမ်ခြံမြေပွဲစား တစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် သတ်ခံရကြောင်း သိသည်။

လားရှိုးမြို့တွင် အိမ်ခြံမြေပွဲစားအဖြစ် လုပ်ကိုင်နေသည့် အသက်(၅၃)နှစ်အရွယ်ရှိ ဦးအောင်မြိုင်သည်  ၎င်းဝယ်ယူထားသည့် မြေနေရာအား ၂၀၂၃ခုနှစ် ဧပြီလ(၃၀)ရက်နေ့က သွားရောက် ကြည့်ရှုနေစဉ် သေနတ်များ ကိုင်ဆောင်ထားသည့် လူ(၇)ဦးက ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။



"ပထမကြားတာတော့ သူ့ကို အခွန်ဆောင်ခိုင်းတာပေါ့။ သိန်း(၅၀၀၀)တောင်းတယ်။ သူ့မိသားစုဝင်တွေကို ချက်ချင်းလာပေးခိုင်းတယ်။ လာမပေးနိုင်ရင် သူ့အလောင်း လာယူလို့ ပြောတယ်။ သိန်း(၅၀၀၀)ကို တစ်ရက်အတွင်း ဘယ်သူမှ မရှာနိုင်ဘူးလေ။ ကြားသိရတာကတော့ သူတို့ သိန်း(၂၅၀)ပဲ ယူသွားတာပေါ့။ အဲ့ဒီ ပိုက်ဆံကိုလည်း ယူတယ်။ လူကိုလည်း သတ်လိုက်ကြတယ်"ဟု နီးစပ်သူ တစ်ဦးက ပြောပြသည်။

သေဆုံးသူ၏ လက်တွင် ဇစ်ကလက်ကြိုးဖြင့် တုတ်ထားပြီး မျက်နှာများလည်း ဖူးယောင်ဒဏ်ရာများ ရရှိထားသလို ဦးခေါင်းတွင်လည်း ဒဏ်ရာများရရှိကာ နေဆုံးနေခြင်း ဖြစ်ကြောင်း နှင့် ၎င်းအား မေလ(၁)ရက်နေ့က သတ်လိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။