သိန္နီမြို့နယ်အတွင်း SSPP နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွား

သိန္နီမြို့နယ်အတွင်း SSPP နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တပ်စခန်းကို ၂၀၂၄ ခုနှစ် မတ်လ(၂၆)ရက်နေ့ကစပြီး MNDAA က တိုက်ခိုက်ရေးဒရုန်းဖြင့် စတင် တိုက်ခိုက်ပြီးနောက် မတ်လ(၂၇)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုနှင့် စယ်အူကျေးရွာအုပ်စုအတွင်း လုပ်ရှားနေသည့် SSPP စစ်ကြောင်းများကို မတ်လ (၂၆)ရက်နေ့ ညနေပိုင်းတွင် MNDAA မှ တိုက်ခိုက်ရေးဦ ရုန်း ဖြင့် လိုက်လံတိုက်ခိုက်ရာမှ စယ်အူကျေးရွာအုပ်စု ကုန်းညောင် ကျေးရွာအနီးတွင် (၁၀)မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆို သည်။

မတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် စယ်အူကျေးရွာအုပ်စု ပန်နားကျေးရွာအနီးရှိ လယ်ကွက်ထဲကနေ MNDAA အင်အား(၂၀၀) ခန့်က ၎င်းအနီးနားရှိ SSPP ၏ အထူးတပ်စခန်းတစ်နေရာကို  တိုက်ခိုက်ရေးဒရုန်းဖြင့် အကြိမ်ပေါင်း(၅၀)ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  မြေပြင်စစ်အင်အား(၂၀၀)ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုင်းရင်းသား အချင်းချင်းပြည်လည်သင့်မြတ်ရေးအတွက် ရှေးရှူ့ကာ တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြသာနာများဖြေရှင်းသွားနိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟု SSPP က ဆိုသည်။ 

တွေ့ဆုံဆွေးနွေးခြင်းလမ်းစဥ်ဖြင့် လုံးဝဖြေရှင်း၍မရခဲ့မှသာ  SSPP အဖွဲ့အစည်းအုပ်ချုပ်ရေး နယ်‌မြေအတွင်းရှိ ပြည်သူများကို ထိပါးစော်ကားမူပြုလုပ်ခဲ့ပါက ထိထိရောက်ရောက်ပြန်လည်  တုန့်ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။ 

အဆိုပါတိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်၍ MNDAA ဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိပါ။