ကျောက်မဲမြို့နယ်စည်ပင်မှ CDM ဝန်ထမ်း(၅)ဦးကို ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်

ကျောက်မဲမြို့နယ်စည်ပင်မှ CDM ဝန်ထမ်း(၅)ဦးကို ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်
အောက်တိုဘာ 11, 2021 | ရှမ်းမြောက်
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနထဲက ပြည်သူဘက်က ရပ်တည်ပြီး CDM လုပ်ဆောင်ထားသည့် ဝန်ထမ်း(၆)ဦးကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်သည်ဟု သိရသည်။

CDM လုပ်ဆောင်မှုကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံလိုက်ရသူ (၆)ဦးမှာ လက်ထောက်အင်ဂျင်နီယာ (၁)ဦး၊ အငယ်တန်းအင်ဂျင်နီယာ-၂ မှ (၂)ဦး ၊ အငယ်တန်းအင်ဂျင်နီယာ-၃ မှ (၁)ဦး နှင့် အကြီးတန်းစာရေး (၂)ဦးတို့ ပါဝင်ကြောင်း သိရသည်။

အလားတူပင် CDM လုပ်ဆောင်မှုကြောင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ (၁၅)ဦး၊ မိုင်းယန်းမြို့နယ်စည်ပင်သာယာရေးဌာနမှ (၁)ဦး နှင့် ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ (၅)ဦး ထုတ်ပယ်ခံထားရကြောင်း သိရသည်။

CDM မလုပ်သည့် ရှမ်းပြည်နယ်အတွင်းမှ စည်ပင်ဝန်ထမ်းများကိုလည်း ဌာနတွင်း သတင်းများကို သတင်းဌာနများသို့ မပေါက်ကြားစေရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက သတိထားသည့်အတွက် အားလုံးမှ ခံဝန်လက်မှတ်ရေးထိုးထားရသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း