နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
နိုဝင်ဘာ 20, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးတစ်ဝိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့ ညပိုင်းတွင် ပေါင်(၅၀၀)ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားကလေးတစ်ဦးအပါအဝင် (၂)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့သစ်ကျေးရွာနေ တားဆန်းနော် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အိမ်ရှင် တားဆန်းနော်တို့ (၂)ဦး သေဆုံးခဲ့ပြီး ဒေသခံ(၇)ဦး ဒဏ်ရာရကာ လူနေအိမ်(၂၅)လုံးလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် လေကြောင်းအသုံးပြုကာ အရပ်သားများနှင့် ဒေသခံနေအိမ်များအား ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ယခု ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရပ်သား (၄၀)ဦး သေဆုံးခဲ့ပြီး (၅၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

#TachileikNewsAgency

Photo : News & Information Department