ကျောက်မဲမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွား

ကျောက်မဲမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွား

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ဆေးဆိုင်နှင့်ထီဆိုင် ဖွင့်လှစ်ထားသူ အသက်(၅၄)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ မေလ (၃၀) ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။



ဖမ်းဆီးခံရသူမှာ  ကိုမင်းမင်းဆိုသူဖြစ်ပြီး မေလ (၃၀) ရက်နေ့ ညနေ (၆) နာရီကျော်တွင် ကျောက်မဲမြို့ထဲရှိ ၎င်း၏ထီဆိုင်/ဆေးဆိုင်၌ရှိနေစဥ် စစ်ကောင်စီတပ်က လာဖမ်းသွားခြင်းဖြစ်ကြောင်း မြင်တွေ့လိုက်သူများက ပြောသည်။



ကိုမင်းမင်းသည် ဆန္ဒထုတ်ဖေါ်မှုများတွင် ပါဝင်လေ့မရှိဘဲ ကျောက်မဲမြို့နှင့်ပတ်သက်သည့် ကောင်းနိုးရာရာ ဓါတ်ပုံ၊ ဗွီဒီယိုများရိုက်၍ လူမှုကွန်ယက်တွင် တင်လေ့ရှိသူဖြစ်ပြီး လူမှုရေးကိစ္စများနှင့် အလှူအတန်းကိစ္စများတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်လေ့ရှိသူတစ်ဦးလည်းဖြစ်၍ မည်သည့်အတွက် ဖမ်းဆီးသွားသည်ကို မသိရကြောင်း ဒေသခံများထံမှ သိရသည်။