နောင်ချိုမြို့နယ်အတွင်း (၂)ရက်အကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် အယောက်(၄၀) သေဆုံး

နောင်ချိုမြို့နယ်အတွင်း (၂)ရက်အကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် အယောက်(၄၀) သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ (၂)ရက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအဝင် အယောက် (၄၀)သေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့မတ်လ(၁၄)ရက်တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၅၀၉)တပ်ရင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ(၁၃)ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှစစ်ကြောင်းမှူးအပါအဝင် (၂၅)ဦးကျော်သေကာ (၁၅)ဦးဝန်းကျင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင်လည်း ထပ်မံတိုကိပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး၊ ထိခိုက်သူများသဖြင့် ရဟတ် ယာဉ်(၂)စီးဖြင့် ဗုံးအလုံး(၃၀)ခန့် ကြဲချခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်သားများ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။