အာဏာသိမ်းအဖွဲ့က သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် စောဖိုးခွါး၊ ပိုပို၊ ဗြူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

အာဏာသိမ်းအဖွဲ့က သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် စောဖိုးခွါး၊ ပိုပို၊ ဗြူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်
ဒီဇင်ဘာ 30, 2021 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင် အဆိုတော် စောဖိုးခွား၊  ပိုပို နှင့် ဗြူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က အဆိုပါအနုပညာရှင်များနှင့် ဗြူးတီးဘလော့ဂါတို့အား အာဏာသိမ်းမှုဆန့်ကျင်မှုဖြင့် ဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ထောင်တွင်းတရားရုံးဖြင့် အမိန့်ချခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က အဆိုတော် စောဖိုးခွားကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကတည်းက ဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် ပြေတီဦးတို့ ဇနီးမောင်နှံ၊ အဆိုတော် ပိုပိုနှင့် ဗြူးတီးဘလော့ဂါ မဝင်းမင်းသန်းတို့ကို  ဧပြီလဆန်းပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။