ချင်းတွင်းမြစ်အထက်ပိုင်းသို့ ရိက္ခာနှင့်လူအင်အား ဖြည့်တင်းရန် သွားရောက်သည့် အာဏာသိမ်းစစ်တပ်၏  ရေယာဉ်တစ်စီးကို PDF ပူးပေါင်းအဖွဲ့က ကြားဖြတ် တိုက်ခိုက်

Photo: ယင်းမာပင် PDF
Photo: ယင်းမာပင် PDF
ချင်းတွင်းမြစ်အထက်ပိုင်းသို့ ရိက္ခာနှင့်လူအင်အား ဖြည့်တင်းရန် သွားရောက်သည့် အာဏာသိမ်းစစ်တပ်၏  ရေယာဉ်တစ်စီးကို PDF ပူးပေါင်းအဖွဲ့က ကြားဖြတ် တိုက်ခိုက်
အောက်တိုဘာ 26, 2021 | အခြားဒေသများ

ချင်းတွင်းမြစ်အထက်ပိုင်းသို့ ရိက္ခာနှင့်လူအင်အား ဖြည့်တင်းရန် သွားရောက်သည့် အာဏာသိမ်းစစ်တပ်၏  ရေယာဉ်တစ်စီးအား ဒေသကာကွယ်ရေးတပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူ နှင့် သေဆုံးသူများရှိနိုင်ကြောင်း ယင်းမာပင် PDFက သတင်းထုတ်ပြန်လာသည်။

ချင်းတွင်းမြစ်အထက်ပိုင်းသို့ အာဏာသိမ်းစစ်တပ်က ဖလတ်တစ်စီး နှင့် ကုန်တင်အမြန်ယာဉ်တစ်စီး အပါအဝင် စက်လက်နက်တင်ထားသည့်  ရေယာဉ်တစ်စီးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ယင်းမာပင်) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီ)တို့ ပူးပေါင်းပြီး ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူ နှင့် သေဆုံးသူများရှိနိုင်သော်လည်း PDF အဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။