လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာအနီးလမ်းခွဲရှိ စစ်ကောင်စီတပ်၏ စခန်းကုန်းကို KNDF က ဝင်ရောက် တိုက်ခိုက်

လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာအနီးလမ်းခွဲရှိ စစ်ကောင်စီတပ်၏ စခန်းကုန်းကို KNDF က ဝင်ရောက် တိုက်ခိုက်
ဧပြီ 28, 2023 | 2021 Military Coup| ကယား

 

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာအနီးလမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ စခန်းကုန်းအား ဒေသကာကွယ်ရေးတပ်များပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်၏ စခန်းကုန်းအား ပူးပေါင်းတပ်မှ နံနက်(၆) နာရီမှ နံနက် (၁၀)နာရီအထိ တိုက်ခိုက်ခဲ့ရာ စခန်းကုန်းအတွင်းအထိရောက်ရှိ တိုက်ခိုက်နိုင်ခဲ့သော်လည်း ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို KNDF B 02 ၊ KNDF B14 တို့ပူးပေါင်း၍  ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သား (၅)ဦးသေကာ ဒေသကာကွယ်ရေးတပ်မှ ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီ၏ လွိုင်ကော်မြို့အခြေစိုက်တပ်များဖက်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့ပြီး လတ်တလောတွင် တိုက်ပွဲဖြစ် ပွားမှုမရှိတော့ပဲ စစ်ကောင်စီတပ်များက လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ဒေသခံများ သတိထားသွားလာကြရန် KNDF B 14 က ယနေ့ဧပြီလ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။