ဒီမော့ဆိုမြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ခလရ ၄၂၇ တပ်တွင်းကို KDF ဝင်ရောက် ပစ်ခတ်

ဒီမော့ဆိုမြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ခလရ ၄၂၇ တပ်တွင်းကို KDF ဝင်ရောက် ပစ်ခတ်
ဒီဇင်ဘာ 31, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၄၂၇ တပ်တွင်းကို  ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တပ်တွင်းဝင်ရောက်ပစ်ခတ်မှုကို KDF က အထိအခိုက်မရှိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အာဏာသိမ်းတပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရသူများရှိနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

KDF အဖွဲ့သည် ဒီဇင်ဘာလ (၂၉) ရက်နေ့ကလည်း  JPDF ၊ GZ-21 တို့နှင့် ပူးပေါင်း၍  လွိုင်ကော်အကျဥ်းဦးစီးဌာနအနီး ခရိုင်ရဲရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုလည်း တွေ့ရသည်။

KDF (Karenni Democratic Front) သည် ပြည်သူ့ကူညီမှုဖြင့် တော်လှန်ရေးလုပ်နေကြသည့် စစ်အာဏာရှင် တော်လှန်ရေးအဖွဲ့များမှ ကရင်နီ(ကယား)ပြည်နယ်အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည်။