ဖောင်းပြင်မြို့နယ်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ     

ဖောင်းပြင်မြို့နယ်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ     

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာသို့ အင်အား (၈၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသထံမှ သိရသည်။

ခမရ (၃၆၈)တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈၀)ဝန်းကျင်သည် ယနေ့ ၂၀၂၄ ခုနှစ် မေလ (၅)ရက်နေ့တွင် စတင်ထိုးစစ်ဆင်လာရာ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂)အဖွဲ့တို့က တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

         

တိုက်ပွဲအတွင်း စစ်ကောင်စီသား (၇)ဦးသေပြီး (၆၀)မမ ပြောင်းတို (၁)လက်၊ MA-1 (၄)လက်၊ MA ကျည် (၁၅၁၂)တောင့်၊ (၄၀) မမ ဗုံးသီး (၁၉) လုံး၊ (၆၀) မမ ဗုံးသီး (၈)လုံး၊ RPG-7 ဒုံးသီး (၅)လုံး၊ MA ကျည်အိမ် (၂၆)ခု၊ စကားပြောစက် (၁)ခု၊ ကျည်ကာဦးထုပ် (၁)ခု၊ ဖုန်း (၃) လုံး၊ ဆေးပစ္စည်းအစုံနှင့် စကားပြောစက်ဓာတ်ခဲအပို (၂)ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency