စစ်ကောင်စီနှင့် ပူးပေါင်းနေသော အနုပညာရှင်၊ အတတ်ပညာရှင်များကို လက်တွေ့ကျကျ အရေးယူမည်ဟု ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်က အသိပေး

စစ်ကောင်စီနှင့် ပူးပေါင်းနေသော အနုပညာရှင်၊ အတတ်ပညာရှင်များကို လက်တွေ့ကျကျ အရေးယူမည်ဟု ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်က အသိပေး
ဖေဖော်ဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

 စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် နောက်ကွယ်မှ ကူညီထောက်ပံ့စေခိုင်းသူ  အားလုံးကို စုံစမ်းဖော်ထုတ်ပြီး လက်တွေ့ကျကျ ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်က ၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများအပြင် အခြား အနုပညာရပ်ဝန်းမှ လူပုဂ္ဂိုလ်တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့ အစည်းလိုက်သော် လည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြောညာထားသော စစ်ကောင်စီနှင့် အပေါင်းအပါများ၊ ယင်းတို့ ၏ ထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းများ၊ လုပုဂ္ဂိုလ်များနှင့် စီးပွား ရေးလုပ်ငန်းရှင်များ၊ အမည်ပျက်စာရင်းသွင်းထားသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများတို့တွင် ပူးပေါင်းပါဝင်ခြင်း၊ အားပေးကူ ညီထောက်ပံ့ခြင်း လုံးဝမပြုလုပ်ကြရန်လည်း အသိပေးထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီက ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် စစ်တပ်ဝါဒဖြန့်ဇာတ်ကားဖြစ်သော စောင်နီလေးတထည် ဇာတ်ကားဖြင့် ရန်အောင်၊ စိုးမြတ်သူဇာတို့ အကယ်ဒမီဆုရရှိခဲ့ကြသည်။