အဆောက်အအုံစည်းမျဉ်း (၄၅)ခု ဖောက်ဖျက်မှုရှိထားသည့် ကားပါကင်အဆောက်အုံ ပြိုကျမှုကြောင့် လူ(၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရမှု နယူးယော့ခ်မြို့တွင် ဖြစ်ပွား

အဆောက်အအုံစည်းမျဉ်း (၄၅)ခု ဖောက်ဖျက်မှုရှိထားသည့် ကားပါကင်အဆောက်အုံ ပြိုကျမှုကြောင့် လူ(၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရမှု နယူးယော့ခ်မြို့တွင် ဖြစ်ပွား
By Mr John

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ Pace တက္ကသိုလ်နှင့် နယူးယော့ခ်စတော့အိတ်ချိန်းအနီး မင်ဟတ်တန်အောက်ပိုင်းရှိ အထပ် (၄) ထပ်ပါ ကားရပ်နားနေရာ အဆောက်အအုံတစ်ခု  ပြိုကျခဲ့ရာ အနည်းဆုံး အလုပ်သမားတစ်ဦး သေဆုံးပြီး အဆောက်အအုံထဲတွင်ရှိနေခဲ့သူ အခြား (၅) ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။



မီးသတ်သမားများက ပြိုကျခဲ့သည့် အဆောက်အအုံအတွင်း နောက်ထပ် သေဆုံးဒဏ်ရာရသူများကို ဝင်ရောက်ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း အဆောက်အအုံ၏ မတည်ငြိမ်သော အခြေအနေများကြောင်း ပြန်ဆုတ်ခွာခဲ့ရပြီး အရေးပေါ်ဌာနဝန်ထမ်းများက စက်ရုပ်ကိရိယာများသုံးပြီး ရှာဖွေရေးလုပ်ဆောင်ခဲ့သည်။ 



ယခုဖြစ်ရပ်မှာ ၂၀၂၃ခုနှစ် ဧပြီလ (၁၈) ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆောက်အအုံ ပြိုကျမှုတစ်ခုသာဖြစ်ပြီး အခြား သံသယဖြစ်စရာ အကြောင်းရင်း မတွေ့ရကြောင်း နယူးယော့ခ်ရဲတပ်ဖွဲ့ အကြီးအကဲ Keechant Sewell က သတင်းထောက်များကို ပြောခဲ့သည်။ 

ကားရပ်နား‌နေရာ အဆောက်အအုံပြိုကျမှုကြောင့် လူတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရာရသူ (၄) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

သေဆုံးသူနှင့် ဒဏ်ရာရသူ (၅) ဦးမှာ ဝန်ထမ်းများဖြစ်ကြပြီး အဆောက်အအုံပြိုကျမှု ဖြစ်ပွားစဥ် အဆောက်အအုံထဲတွင် ရှိနေခဲ့ကြကြောင်း ၎င်းကဆိုသည်။ 

နယူးယော့ခ်မြို့တော် အဆောက်အအုံဌာန၏ အွန်လိုင်းမှတ်တမ်းများအရ ပြိုကျခဲ့သည့် ထိုအဆောက်အအုံနေရာမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း စည်းမျဥ်းချိုးဖောက်မှု (၂၅) ခု အပါအဝင် စည်းမျဥ်းချိုးဖောက်မှု (၄၅) ခုရှိခဲ့ကြောင်း တွေ့ရသည်။ 

 

Source: Reuters

Photo: REUTERS/Brendan McDermid,