စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ ပထမဆုံးဂြိုလ်တုကို ဂျပန်ဆိုင်းငံ့ထား

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ ပထမဆုံးဂြိုလ်တုကို ဂျပန်ဆိုင်းငံ့ထား

မြန်မာနိုင်ငံ၏ ပထမဆုံးဂြိုဟ်တုမှ အချက်အလက်များကို စစ်ရေးအတွက် အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖေါက်မှုများ ဖြစ်လာနိုင်၍ စစ်အာဏာသိမ်းထားသည့်ကာလအတွင်း ဂျပန်က ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဂျပန်တက္ကသိုလ် (၂) ခုက ထုတ်ပြန်လိုက်သည်။

အဆိုပါ  ဂြိုဟ်တုမှာ ဂျပန် ဟော့ကိုင်းဒိုး တက္ကသိုလ်နှင့် မြန်မာအစိုးရထောက်ပံ့ထားသည့် အာကာသ အင်ဂျင်နီယာတက္ကသိုလ် MAEU တို့၏ ပူးတွဲစီမံကိန်းအဖြစ် တည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ သန်း ကုန်ကျသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

ကင်မရာများပါဝင်သည့် အလေးချိန် ၅၀ ကီလိုဂရမ်စီ အလေးချိန်ရှိသည့် နှစ်လုံးတွဲ ဂြိုလ်တုကို စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို စောင့်ကြည့်လေ့လာရေးအတွက် လုပ်ဆောင်ထားခြင်းဖြစ်သော်လည်း စစ်အာဏာသိမ်းထားသည့်ကာလအတွင်း အဆိုပါ ဂြိုလ်တုအချက်အလက်များကို စစ်ရေးအတွက် အသုံးပြုမည်ကို ဂျပန်ရှိ လူ့အခွင့်အရေး လှုပ်ရှားသူတွေများနှင့် တာဝန်ရှိသူများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တုစီမံကိန်းကို စစ်ရေးအတွက် လုပ်ဆောင်ထားခြင်းမဟုတ်သည့်အပြင် ဂြိုလ်တုနှင့်ပတ်သက်သည့် အချက်အလက်များအား ဂျပန်တက္ကသိုလ်တွင် ထိန်းသိမ်းထားမည်ဖြစ်ပြီး မြန်မာတာဝန်ရှိသူများအနေဖြင့် လွတ်လွတ်လပ်လပ်ရနိုင်မည်မဟုတ်ကြောင်း စီမံကိန်းတွင်ပါဝင်သည့် တက္ကသိုလ်တာဝန်ရှိသူက ဆိုသည်။

ယင်းအပြင် အဆိုပါစီမံကိန်း တွဲဖက်လုပ်ဆောင်နေသည့် မြန်မာအာကာသအင်ဂျင်နီယာတက္ကသိုလ် MAEU  ပါမောက္ခချုပ် ဒေါက်တာကြည်သွင်ကိုလည်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးကတည်းက အဆက်အသွယ်မရတော့ကြောင်း ထည့်သွင်းပြောြကားထားသည်။

Tachileik News Agency

source: Reuters, CNA