မြောက်ကိုရီးယားက နျူးကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် ရေအောက် တိုက်ခိုက်ရေးဒရုန်းအသစ် စမ်းသပ် 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် [ Photo: KCNA ]
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် [ Photo: KCNA ]
မြောက်ကိုရီးယားက နျူးကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် ရေအောက် တိုက်ခိုက်ရေးဒရုန်းအသစ် စမ်းသပ် 
By Mr John

 မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော ရေအောက် တိုက်ခိုက်ရေးဒရုန်းအသစ်ကို စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ၂၀၂၃ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် သတင်းဖော်ပြသည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ရပ်ဆိုင်းသင့်ကြောင်း သတိပေးနေစဥ် ရေအောက် တိုက်ခိုက်ရေးဒရုန်းအသစ် စမ်းသပ်ခဲ့ခြင်းလည်း ဖြစ်သည်။

စမ်းသပ်မှုအတွင်း မြောက်ကိုရီးယား၏ ဒရုန်းအသစ်က ရေအောက်တွင် အနက်ပေ (၂၆၀) မှ (၅၀၀) အတွင်း (၅၉) နာရီကျော်ကြာ သွားလာခဲ့ပြီးနောက် နျူကလီးယားမဟုတ်သည့် ဖောက်ခွဲရေးထိပ်ဖူးကို မတ်လ (၂၃) ရက်နေ့က နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်တွင် ဖောက်ခွဲခဲ့ကြောင်း KCNA သတင်းဌာနက ဆိုသည်။

ရေအောက် တိုက်ခိုက်ရေးဒရုန်းကို ဖြန့်ကျက်အသုံးပြုရန် အသင့်ဖြစ်နေမှုနှင့် ပတ်သက်၍ သံသယရှိသော်လည်း မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အမျိုးမျိုးသော နျူကလီးယားခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။

 မတ်လ (၂၀) ရက်နေ့ကလည်း မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့သေးကြောင်း သိရသည်။

Source: Reuters