တာချီလိတ်မြို့တွင် ကား(၂)စီး မျက်နှာချင်းဆိုင် တိုက်မိပြီး သက်ကြီးရွယ်အို (၄)ဦး ဒဏ်ရာရ

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
တာချီလိတ်မြို့တွင် ကား(၂)စီး မျက်နှာချင်းဆိုင် တိုက်မိပြီး သက်ကြီးရွယ်အို (၄)ဦး ဒဏ်ရာရ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း ဆွတ်ဆိုင်ရွာအနီးတွင် ကား(၂)စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ သက်ကြီးရွာအို (၄)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ရွာအနီးတွင် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းအချိန် ကား(၂)စီး မျက်နှာချင်း တိုက်မိရာမှ ဒဏ်ရာရရှိသူ (၄)ဦးအနက် အသက်(၆၇)နှစ်အရွယ် ဒေါ်ပါစောင်းမှာ ရင်ဘတ်အရိုးထိခိုက်သွားသလို အသက်(၆၃)နှစ်အရွယ် ဒေါ်ပါအိန်းမှာ ညာဘက်ပေါင်ရိုး ကျိုးသွားကြောင်း နှင့် ကျန်(၂)ဦးမှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးထားကြောင်း သိရသည်။