မိုဘိုင်းဖုန်းကို အကျိုးရှိစွာနှင့် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် MPT က တာချီလိတ်တွင် အသိပညာပေး ဟောပြော

မိုဘိုင်းဖုန်းကို အကျိုးရှိစွာနှင့် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် MPT က တာချီလိတ်တွင် အသိပညာပေး ဟောပြော
ဇန်နဝါရီ 12, 2020
By Tachileik News Agency

မိုဘိုင်းဖုန်းကို အကျိုးရှိစွာနှင့် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် MPT က တာချီလိတ်တွင် အသိပညာပေး ဟောပြော

မိုဘိုင်းဖုန်းကို အကျိုးရှိစွာနှင့် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဟောပြောပွဲများ ကျင်းပနေရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီလိတ်မြို့တွင် ကျင်းပသည်။

အဆိုပါ ဟောပြောပွဲအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က အောင်မြတ်ခန်းမတွင် ကျင်းပရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)ရုံးချုပ်၊ စီးပွားရေးဌာနကြီး၏ ဒါရိုက်တာ ဒုတိယအထွေထွေမန်နေဂျာ ဖြစ်သူ ဒေါ်ရှု့အေး တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။

ယခုလို အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Mobile ဟောပြောပွဲ တာဝန်ခံဖြစ်သူ ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့်က ရှင်းလင်းပြောကြားသည်။

မိုင်ဘိုင်းဖုန်း အသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုတတ်စေရေးအတွက် အသိပညာပေးဆွေးနွေးခြင်း ဖြစ်ပြီး  တက်ရောက်လာသူများကိုယ်တိုင် ပါဝင်ဆွေးနွေးခြင်း၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းတို့ဖြင့်လည်း မိုဘိုင်းဖုန်း ဘေးကင်းလုံခြုံရေးဆိုင်ရာများကို အသိပညာပေးလုပ်ဆောင်ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~