တာချီလိတ်သို့ မတ်လ(၂၆)ရက်နေ့ တစ်နေ့တာအတွင်း ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန် မြန်မာအလုပ်သမား (၃၆၄)ဦး ဝင်ရောက်လာ

တာချီလိတ်သို့ မတ်လ(၂၆)ရက်နေ့ တစ်နေ့တာအတွင်း ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန် မြန်မာအလုပ်သမား (၃၆၄)ဦး ဝင်ရောက်လာ
မတ် 26, 2020
By Tachileik News Agency
တာချီလိတ်သို့ မတ်လ(၂၆)ရက်နေ့ တစ်နေ့တာအတွင်း ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန် မြန်မာအလုပ်သမား (၃၆၄)ဦး ဝင်ရောက်လာ

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်မြန်ဆန်မှုများကြောင့် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး အမှတ်(၁)တံအား မတ်လ(၂၃)ရက်နေ့က ထိုင်းဘက်မှ ပိတ်ထားလိုက်သော်လည်း ထိုင်းနိုင်ငံအတွင်းမှ တရားဝင်မြန်မာအလုပ်သမားများ ဝင်ရောက်လာရာ မတ်လ(၂၆)ရက်နေ့တွင် စုစုပေါင်း (၃၆၄)ဦး ရောက်ရှိလာကြောင်း သိရသည်။

ချစ်ကြည်ရေး အမှတ်(၁)တံတားအား ထိုင်းဘက်က ပိတ်ထားသော်လည်း နောက်ကျမှ ရောက်လာသည့် တရားဝင်မြန်မာအလုပ်သမားများကို တာချီလိတ် နှင့် မယ်ဆိုင် နှစ်ဖက်တာဝန်ရှိသူများက ညှိနှိုင်းကာ ချစ်ကြည်ရေးတံတား(၁)မှာပဲ သီးသန့် လက်ခံပေးနေခြင်းဖြစ်ပြီး မတ်လ(၂၆)ရက်နေ့တွင် ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများတွင် အမျိုးသား(၂၂၂)ဦး နှင့် အမျိုးသမီး(၁၄၂)ဦး စုစုပေါင်း (၃၆၄)ဦးရှိကြောင်း သိရသည်။

ယခုလို ရောက်ရှိလာမှုကို နောက်ရက်များတွင် လက်ခံပေးနိုင်ခြင်း ရှိ မရှိအခြေအနေကိုတော့ မသိရှိရသေးသော်လည်း မယ်ဆိုင်ဘက်သို့ ရောက်ရှိလာမည့် မြန်မာနိုင်ငံသား လူဦးရေပေါ်မူတည်၍ မြန်မာဘက်က လက်ခံနိုင်ဖွယ်ရှိကြောင်း ထိုင်းဘက်က သုံးသပ်ထားသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~