မိုင်းတုံမြို့မှ Covid-19 အတည်ပြုလူနာ (၂)ဦး ဆေးရုံ ဆင်း

မိုင်းတုံမြို့မှ Covid-19 အတည်ပြုလူနာ (၂)ဦး ဆေးရုံ ဆင်း
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
မိုင်းတုံမြို့မှ Covid-19 အတည်ပြုလူနာ (၂)ဦး ဆေးရုံ ဆင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ နံနက်က COVID 19 အတည်ပြုလူနာ (၂)ဦး ဆေးရုံဆင်းခွင့်ရသွားပြီး ကုသဆောင်၌ အတည်ပြုလူနာ (၂)ဦးကျန်သည်။
"အမျိုးသား (၁)ဦးနဲ့ အမျိုးသမီး (၁)ဦး ဆေးရုံဆင်းတယ်။ အမျိုးသား (၂) ဦး ကျန်တယ်။ မနေ့က ဓာတ်ခွဲနမူနာယူတဲ့ (၆၄) ယောက်ရှိတယ်။ (၆၁)က ထိတွေ့(အတည်ပြုလူနာနှင့်ထိတွေ့သူ)၊ ကျန်တာက ရန်ကုန်ပြန် (၁) ယောက်၊ တစ်ယောက်က တာချီလိတ်ပြန်၊ တစ်ယောက်က သစ်တောဝန်ထမ်းပြောင်းလာတာ။ အဲဒါတွေတော့ ဒီနေ့ ပို့နေပြီ"ဟု မိုင်းတုံဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းတုံမြို့တွင် ပဲခူးတိုင်းဒေသကြီးမှလာသည့် လမ်းလုပ်သားအဖွဲ့မှ အတည်ပြုလူနာ (၂)ဦး ဆေးရုံဆင်းသွားပြီဖြစ်ပြီး ရန်ကုန်မှလာသည့် အတည်ပြုလူနာ အမျိုးသား (၂)ဦးမှာ ကုသမှုခံယူဆဲဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~