သင်္ကြန်အကြိုနေ့တွင် လားရှို့မြို့၌ ဗုံးပေါက်ကွဲ

သင်္ကြန်အကြိုနေ့တွင် လားရှို့မြို့၌ ဗုံးပေါက်ကွဲ

 

ရှမ်းပြည်နယ်မြောက်ပိုင်း ရန်တိုင်းအောင် ဘုရားအနီးတွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း ကနဦး သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့၏ နံနက်(၁၁)နာရီ မိနစ်(၄၀)အချိန်က ဗုံးပေါက်ကွဲသည်မှာ အသံအတော်ကျယ်ပြီး မြေကြီးများပင် တုန်သွားသည်ဟု ဒေသခံများက ဆိုသည်။

"ပေါက်ကွဲတာက အသံအရမ်းကျယ်တယ် မြေကြီးတောင် တုန်သွားတယ်။ ပြတင်းပေါက်တောင် ခါသွားတယ်။ ဘယ်သူတွေ ထိခိုက် သေဆုံးလည်းဆိုတာကိုတော့ မသိရသေးဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်မှု ရှိမရှိနှင့် အသေးစိတ်ကိုတော့ မသိရသေးပေ။