ဒိုက်ဦးမြို့နယ်ရှိ စစ်ကောင်စီ ခလရ(၃၀)တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ဒိုက်ဦးမြို့နယ်ရှိ စစ်ကောင်စီ ခလရ(၃၀)တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ပျဉ်ပုံကြီးရွာအနီးရှိ စစ်ကောင်စီတပ်၏ ခလရ(၃၀)တပ်ရင်းကို PDFတပ်ဖွဲ့များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ ညပိုင်းက ရှော့တိုက်ဒုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုန်းပစ်ခတ်မှုကြောင့် ခလရ(၃၀) တပ်ရင်း၏ ကင်းဂိတ်နှင့် အဆောင်များကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိသည်ဟု Bago Region PDFက ယနေ့ ဇူလိုင်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး တစ်နာရီခန့်အကြာတွင် အဆိုပါတပ်ရင်းမှ စစ်ကောင်စီတပ်သားများက သေနတ်များဖြင့် အတွဲလိုက် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

ခလရ(၃၀)တပ်ရင်းသည် ဒိုက်ဦးမြို့နယ် ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို အဓမ္မဖမ်းဆီးခေါ်ထုတ်ပြီး လက်စဖျောက်သတ်ဖြတ်မှုများကို ကျူးလွန်လုပ်‌ဆောင်လျှက်ရှိသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း(၃၇၀၁)၊ တပ်ခွဲ(၅)နှင့် Daik-U Defence Force (DDF) တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : တပ်ရင်း(၃၇၀၁)ရဲဘော်များ