တာချီလိတ်မြို့တွင် KTV နှင့် Club များ၌ အလွယ်တကူရရှိနိုင်သည့် ကျပ်သိန်းပေါင်း (၉၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးသစ်  Happy Water များ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် KTV နှင့် Club များ၌ အလွယ်တကူရရှိနိုင်သည့် ကျပ်သိန်းပေါင်း (၉၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးသစ်  Happy Water များ ဖမ်းဆီးရမိ

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် KTV နှင့် Club များ၌ အလွယ်တကူရရှိနိုင်သည့် ကျပ်သိန်းပေါင်း(၉၀၀၀)ကျော် တန်ဖိုးရှိ  စိတ်ပြောင်းဆေးဝါးသစ်  Happy Water များကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း၌ ၂၀၂၃ခုနှစ် မတ်လ(၃၁)ရက်နေ့ ညက စုစုပေါင်း ကျပ်ငွေ ကျပ်သိန်းပေါင်း (၉၀၀၀)ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးသစ် Happy Water (၈.၄)ကီလိုကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောစစ်ဆေးချက်များအရ အဆိုပါ Happy Water များကို တာလေမြို့ကနေ တာချီလိတ်သို့ သယ်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးသစ်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဦးမောင်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒများအရ အမှုဖွင့်ထားရှိကြောင်း သိရသည်။

Happy Water များကို တာချီလိတ်မြို့ရှိ KTV နှင့် Club များတွင် လွတ်လပ်စွာ အလွယ်တကူရောင်းချ ဝယ်ယူ သုံးစွဲနေလျက်ရှိကြပြီး Happy Water များကို အလွန်အကျွံသုံးစွဲမိ၍ လူငယ်အချို့ အသက်သေဆုံးကြရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။