တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို တွေ့ရ၍ ဟိုတယ်တွင် သီးသန့်ထားကာ (၁၄)ရက် စောင့်ကြည့်ရန် ကျန်းမာရေးက ညွှန်ကြားထား

တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို တွေ့ရ၍ ဟိုတယ်တွင် သီးသန့်ထားကာ (၁၄)ရက် စောင့်ကြည့်ရန် ကျန်းမာရေးက ညွှန်ကြားထား
မတ် 23, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို တွေ့ရ၍ ဟိုတယ်တွင် သီးသန့်ထားကာ (၁၄)ရက် စောင့်ကြည့်ရန် ကျန်းမာရေးက ညွှန်ကြားထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ ညပိုင်းက ဟိုတယ်တစ်ခု၌ ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးတွေ့ရ၍  ဟိုတယ်တွင် (၁၄)ရက် ခွဲခြားနေထိုင်ရန် ဆေးရုံက သတ်မှတ်ထားသည့်အတွက် ဟိုတယ်ပိုင်းက တာဝန်ယူကာ စောင့်ကြည့်ပေးထားကြောင်း သိရသည်။

"ဟိုတယ်မှာ တွေ့တဲ့နှစ်ယောက်က တစ်ယောက်က ကိုယ်အပူချိန် (၃၇)ကျော်ကျော်၊ တစ်ယောက်က (၃၆) ကျော်ကျော်ရှိတယ်။ ဖျားတာမရှိ၊ နှာစေးချောင်းဆိုးမရှိ၊ လည်ချောင်းနာတာမရှိ။ နောက် ရောဂါဖြစ်တာများတဲ့ ဘန်ကောက်ဘက်က မဟုတ်ဘဲ မယ်ဆိုင်ဘက်ကဆိုတော့ သူတို့ကို ဟိုတယ်မှာပဲ (၁၄)ရက် ဘယ်မှ မထွက်စေဘဲ စောင့်ကြည့်အနေနဲ့ ထား ထားတယ်။ ဟိုတယ်တာဝန်ရှိသူကတော့ မယ်ဆိုင်ဘက် ပြန်ပို့မယ်တော့ပြောတယ်။ ထိုင်းနိုင်ငံသားတွေဆိုတော့ အကယ်၍ သူ့နိုင်ငံက လက်ခံရင်လည်း ပြန်ပို့ပေးဖို့တော့ ပြောထားတယ်"ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၃)ရက်နေ့ ညပိုင်းတွင် ပြောသည်။

တာချီလိတ်ရှိ နယ်စပ်တံတားများကို ထိုင်းဘက်က မပိတ်မီ မယ်ဆိုင်နှင့် တာချီလိတ်ရှိ နှစ်နိုင်ငံသားများ မိမိတို့နိုင်ငံသို့ တံတားမပိတ်မီပြန်ကြရန် တိုက်တွန်းထားသော်လည်း ဟိုတယ်တစ်ခုရှိ ဝန်ထမ်းဆောင်တွင် ထိုင်းနိုင်ငံသား (၂)ဦး ဆက်လက်နေထိုင်နေပြီး ကိုယ်အပူချိန် အနည်းငယ်မြင့်နေသည်ကို စစ်ဆေးတွေ့ရသဖြင့် ဟိုတယ်၌ ခွဲခြားထားရှိခြင်းဖြစ်သည်။

တံတားပိတ်ထားသော်လည်း ထိုင်းနိုင်ငံဘက်က အကျဉ်းကျမြန်မာနိုင်ငံသား (၉၂)ဦးကို မတ်လ (၂၃)ရက်နေ့၌ လာရောက်လွှဲပြောင်းပေးသည့်အနက် ဘန်ကောက်အကျဉ်းထောင်မှ လာသည့် (၁၁)ဦးမှာ ဖျားနေ၍ ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ထားရှိကာ အတူပါလာသည့် (၈၁)ဦးကို တာချီလလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)တွင်(၁၄)ရက် သီးခြားခွဲ၍ စောင့်ကြည့်ထားခြင်းဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း 

ထိုင်းဘက်က တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၂)ဦးတွင် အကျဉ်းထောင်အတွင်းက နေမကောင်းသူ (၁၁)ဦး ပါလာ၍ COVID-19 စောင့်ကြည့် သံသယလူနာအဖြစ် သတ်မှတ်ထားပြီး ကျန်(၈၁)ဦးကို (၁၄)ရက် စောင့်ကြည့်မည်

 ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် (၉၂)ဦးထဲက COVID-19 သံသယလူနာ(၁၁)ဦးကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~