ထုိင္းတပ္ဖြဲ႕ႏွင့္ ျမန္မာဘက္မွ မူးယစ္ေဆးသယ္သည့္အဖြဲ႕တုိ႔ ပစ္ခတ္မႈျဖစ္ပြားၿပီး မူးယစ္ေဆးသယ္သူ (၄)ဦး ေသဆံုး

ထုိင္းတပ္ဖြဲ႕ႏွင့္ ျမန္မာဘက္မွ မူးယစ္ေဆးသယ္သည့္အဖြဲ႕တုိ႔ ပစ္ခတ္မႈျဖစ္ပြားၿပီး မူးယစ္ေဆးသယ္သူ (၄)ဦး ေသဆံုး
ဇူလိုင် 25, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံဘက္သို႔ ျမန္မာဘက္မွ မူးယစ္ေဆးသယ္ေဆာင္လာသည့္အဖြဲ႕ႏွင့္ ထုိင္းလံုၿခံဳေရးတပ္ဖြဲ႕တုိ႔ ၂၀၁၉ ခုနွစ္၊ ဇူလုိင္လ (၂၄)ရက္ေန႔က ခ်င္းရိုင္းခရိုင္၊ မယ့္ဖားလံုေဒသအတြင္း ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ျမန္မာႏိုင္ငံသား (၄)ဦး ပစ္ခတ္မႈအတြင္း ေသဆံုးသြားေၾကာင္း သိရသည္။

ထုိင္းနယ္ျခားေစာင့္တပ္ဖြဲ႕က ဇူလုိင္လ (၂၄)ရက္ေန႔ နံနက္အေစာပိုင္းက သစ္ေတာအတြင္း ေက်ာပိုးအိတ္မ်ားျဖင့္ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသား (၁၅)ဦးအဖြဲ႕ကို ေတြ႔ရသျဖင့္ ရွာေဖြရန္ ရပ္တန္႔ခိုင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕က နယ္ျခားေစာင့္တပ္ဖြဲ႕အား စတင္ပစ္ခတ္သျဖင့္ အျပန္အလွန္ပစ္ခတ္မႈ (၁၅)မိနစ္ခန္႔ျဖစ္ပြားခဲ့ၿပီးေနာက္ ေက်ာပိုးအိတ္မ်ားလြယ္ထားသည့္ အဖြဲ႕က ဆုတ္ခြာထြက္ေျပးသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္မႈျဖစ္ပြားရာ တစ္ဝိုက္တြင္ ေသဆံုးေနသည့္ အမ်ိဳးသား (၄) ဦးကိုေတြ႔ရၿပီး အနီးတြင္ AK 47 ရိုင္ဖယ္တစ္လက္၊ အိုက္စ္ (၂၀)ကီလိုဂရမ္ကို ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

ထုိင္းတပ္ဖြဲ႕မ်ားက ျမန္မာႏွင့္နယ္စပ္တစ္ေလွ်ာက္တြင္ ပိုက္စိပ္တုိက္ရွာေဖြေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံဘက်သို့ မြန်မာဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည့်အဖွဲ့နှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့က ချင်းရိုင်းခရိုင်၊ မယ့်ဖားလုံဒေသအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသား (၄)ဦး ပစ်ခတ်မှုအတွင်း သေဆုံးသွားကြောင်း သိရသည်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဇူလိုင်လ (၂၄)ရက်နေ့ နံနက်အစောပိုင်းက သစ်တောအတွင်း ကျောပိုးအိတ်များဖြင့် လမ်းလျှောက်လာသည့် အမျိုးသား (၁၅)ဦးအဖွဲ့ကို တွေ့ရသဖြင့် ရှာဖွေရန် ရပ်တန့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့အား စတင်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် ကျောပိုးအိတ်များလွယ်ထားသည့် အဖွဲ့က ဆုတ်ခွာထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားရာ တစ်ဝိုက်တွင် သေဆုံးနေသည့် အမျိုးသား (၄) ဦးကိုတွေ့ရပြီး အနီးတွင် AK 47 ရိုင်ဖယ်တစ်လက်၊ အိုက်စ် (၂၀)ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ထိုင်းတပ်ဖွဲ့များက မြန်မာနှင့်နယ်စပ်တစ်လျှောက်တွင် ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net