လက်နက်နဲ့မူးယစ်ဆေးဝါးအမှုတွေ နဲ့ ဖမ်းမိပြီး လွှတ်ငြိမ်းထဲ ပါဝင်တဲ့ ထိုင်းနဲ့လာအိုနိုင်ငံသားများကို ပြည်နှင်

လက်နက်နဲ့မူးယစ်ဆေးဝါးအမှုတွေ နဲ့ ဖမ်းမိပြီး လွှတ်ငြိမ်းထဲ ပါဝင်တဲ့ ထိုင်းနဲ့လာအိုနိုင်ငံသားများကို ပြည်နှင်
ဧပြီ 30, 2020
By Tachileik News Agency

လက်နက်နဲ့မူးယစ်ဆေးဝါးအမှုတွေ နဲ့ ဖမ်းမိပြီး လွှတ်ငြိမ်းထဲ ပါဝင်တဲ့ ထိုင်းနဲ့လာအိုနိုင်ငံသားများကို ပြည်နှင်

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်ဖြင့် နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့  ရှမ်းပြည်နယ်အရှေ့ပိုင်း အကျိုင်းတုံအကျဉ်းထောင်က လွတ်လာတဲ့ လာအို နဲ့ ထိုင်းနိုင်ငံသားတွေကို  ဒီနေ့ ၂၀၂၀ခုနှစ် ဧပြီလ(၃၀)ရက်နေ့ နေ့လည်ပိုင်းမှာ ပြည်နှင်လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ကတည်ကး လွတ်လာတာဖြစ်ပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေက covid-19 ကြောင့် လက်ခံဖို့အဆင်သင့်မဖြစ်သေးတာကြောင့်မလို (၁၃)ရက်အကြာမှ  ပြည်နှင်လွှဲပြောင်းပေးရတာဖြစ်ပါတယ်။

ဒီနေ့လွှဲပြောင်းပေးလာတဲ့ လူတွေထဲ လက်နက်အမှုတွေ မူးယစ်ဆေးဝါးအမှုတွေနဲ့ ဖမ်းခံရသူတွေ ပါဝင်ကြောင်း သိရပါတယ်။

ပြဏ်ဒဏ်လွှတ်ငြိမ်းထဲမှာ ပါဝင်တဲ့ လာအိုနိုင်ငံသားကိုတော့ ဝမ်ပုံဆိပ်ကမ်းကနေတဆင့် လာအိုဘက်ကို ဧပြီလ(၃၀)ရက်နေ့ ညနေပိုင်းမှာ လွှဲပြောင်း ပြည်နှင်လိုက်ပြီ ဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း ၊ ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~