တာခ်ီလိတ္တြင္ သတင္းအရေစာင့္ဆုိင္းဖမ္းဆီးသည့္ ေနရာ(၃)ေနရာမွ အမ်ိဳးသား (၃)ဦးကို ဘိန္းျဖဴ၊ စိတ္ၾကြေဆးမ်ားျဖင့္ဖမ္းမိ

တာခ်ီလိတ္တြင္ သတင္းအရေစာင့္ဆုိင္းဖမ္းဆီးသည့္ ေနရာ(၃)ေနရာမွ အမ်ိဳးသား (၃)ဦးကို ဘိန္းျဖဴ၊ စိတ္ၾကြေဆးမ်ားျဖင့္ဖမ္းမိ
မေ 10, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းအရေစာင့္ဆုိင္းဖမ္းဆီးရာက ေနရာ(၃)ေနရာမွ အမ်ိဳးသား(၃)ဦးကို ဖမ္းဆီးရမိၿပီး စုစုေပါင္း ဘိန္းျဖဴ (၃.၅)ဂရမ္၊ စိတ္ၾကြေဆးျပား (၂၅၀၀)တို႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ဦးေဆာင္သည့္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕ႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေမလ (၉)ရက္ေန႔ ညေန (၅)နာရီ (၁၅)မိနစ္ဝန္းက်င္တြင္ ဝိန္းေက်ာက္ရပ္ကြက္ႏွင့္ ရန္ေအာင္ေျမရပ္ကြက္ၾကား၌ ေစာင့္ဆုိင္းဖမ္းဆီးရာ ဆိုင္ကယ္ျဖင့္ေရာက္လာသည့္ အသက္ (၁၇)ႏွစ္အရြယ္ ဟိန္းမင္းဦး ထံက စိတ္ၾကြေဆးျပား (၂၀၀)ကို ရွာေဖြေတြ႔ရသျဖင့္ ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ညေန (၅)နာရီ မိနစ္(၅၀)အခ်ိန္၌ ဝိန္းေက်ာက္ရပ္ကြက္အတြင္း ေစာင့္ဆုိင္းဖမ္းဆီးရာ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အသက္ (၄၈ )အရြယ္ ေလာခ်ီ(ခ)ဝင္းႏုိင္ထံမွ စိတ္ၾကြေဆးျပား (၅၀၀)ႏွင့္ ဘိန္းျဖဴ (၃.၅)ဂရမ္ခန္႔အားလည္းေကာင္း၊ ညေန (၆)နာရီ (၂၅)မိနစ္တြင္ ဆန္ဆုိင္း(ခ)ရပ္ကြက္၊ ဝမ္မုိင္ရြာလယ္လမ္းမတြင္ လမ္းေလွ်ာက္လာသည့္ အသက္ (၁၉)ႏွစ္အရြယ္ ေယလာမိထံမွ စိတ္ၾကြေဆးျပား (၁၈၀၀)ျပားတို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနရာ ဟိန္းမင္းဦး(ခ) အငယ္ေလးအား မယ(ပ)၆၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္လည္းေကာင္း၊ ဝင္းႏုိင္(ခ)ေလာခ်ီအားမယ(ပ) ၆၂/၂၀၁၉၊ မူး/စိတ္ပုဒ္မ၁၉(က)ျဖင့္လည္းေကာငး္၊ ေယလာမိအား မယ(ပ) ၆၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္လည္းေကာင္း အသီးသီးအမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မူးယစ်သတင်းအရစောင့်ဆိုင်းဖမ်းဆီးရာက နေရာ(၃)နေရာမှ အမျိုးသား(၃)ဦးကို ဖမ်းဆီးရမိပြီး စုစုပေါင်း ဘိန်းဖြူ (၃.၅)ဂရမ်၊ စိတ်ကြွဆေးပြား (၂၅၀၀)တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဦးဆောင်သည့်ရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့်အဖွဲ့နှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၉)ရက်နေ့ ညနေ (၅)နာရီ (၁၅)မိနစ်ဝန်းကျင်တွင် ဝိန်းကျောက်ရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်ကြား၌ စောင့်ဆိုင်းဖမ်းဆီးရာ ဆိုင်ကယ်ဖြင့်ရောက်လာသည့် အသက် (၁၇)နှစ်အရွယ် ဟိန်းမင်းဦး ထံက စိတ်ကြွဆေးပြား (၂၀၀)ကို ရှာဖွေတွေ့ရသဖြင့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ညနေ (၅)နာရီ မိနစ်(၅၀)အချိန်၌ ဝိန်းကျောက်ရပ်ကွက်အတွင်း စောင့်ဆိုင်းဖမ်းဆီးရာ ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၄၈ )အရွယ် လောချီ(ခ)ဝင်းနိုင်ထံမှ စိတ်ကြွဆေးပြား (၅၀၀)နှင့် ဘိန်းဖြူ (၃.၅)ဂရမ်ခန့်အားလည်းကောင်း၊ ညနေ (၆)နာရီ (၂၅)မိနစ်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာလယ်လမ်းမတွင် လမ်းလျှောက်လာသည့် အသက် (၁၉)နှစ်အရွယ် ယေလာမိထံမှ စိတ်ကြွဆေးပြား (၁၈၀၀)ပြားတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေရာ ဟိန်းမင်းဦး(ခ) အငယ်လေးအား မယ(ပ)၆၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း၊ ဝင်းနိုင်(ခ)လောချီအားမယ(ပ) ၆၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၉(က)ဖြင့်လည်းကောငး်၊ ယေလာမိအား မယ(ပ) ၆၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net