အာဏာသိမ်း စစ်ကောင်စီတပ်က CDSOM ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းအား ပစ်ခတ်ဖမ်းဆီးပြီး ဦးခေါင်း ဖြတ်ယူသွား

အာဏာသိမ်း စစ်ကောင်စီတပ်က CDSOM ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းအား ပစ်ခတ်ဖမ်းဆီးပြီး ဦးခေါင်း ဖြတ်ယူသွား

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း  CDSOM ဒုတပ်ရင်းမှူးဖြစ်သူ ကိုဆင်ရိုင်းအား ပစ်ခတ်ဖမ်းဆီးပြီး ၎င်း၏  ဦးခေါင်းကို အာဏာသိမ်းစစ်ကောင်စီတပ်သားများက ဖြတ်ယူသွားသည့် ဗီဒီယိုမှတ်တမ်းအား တော်လှန်ရေးအဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

( ဗီဒီယိုမှတ်တမ်း ကြည့်ရန် - video: CDSOM မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ )

၂၀၂၃ခုနှစ်၊ မတ်လ (၂၉)ရက်နေ့က စစ်ကောင်စီတပ်၏ ဘီလူးစစ်ကြောင်းသည် မြောင်မြို့နယ်သို့ ဒုတိယအကြိမ်စစ်ကြောင်းထိုးလာရာ မတ်လ (၃၀)ရက်နေ့တွင် CDSOM တပ်စခန်းတစ်ခုအား စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်စီးနင်းချိန် CDSOM တပ်ဖွဲ့ဝင်များ ရှောင်တိမ်းရာ လဲကျကျန်ရစ်နေခဲ့သည့် ရဲဘော်တစ်ဦးအား ပြန်လည်ဆွဲထူပေးစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် ခေါင်းဖြတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းကို မတ်လ (၃၁)ရက်တွင် ဦးခေါင်းမပါဘဲ မီးသင်္ဂြိုဟ်ပေးခဲ့ကြရကြောင်း သိရသည်။