ချမ်းအေးသာစံမြို့နယ်ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ် ဗုံးပေါက်

ချမ်းအေးသာစံမြို့နယ်ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ် ဗုံးပေါက်
စက်တင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် (၈၁)လမ်း၊ (၂၆)လမ်းနှင့် (၂၇)လမ်းကြားရှိ စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးချထားသည့် စစ်အုပ်စုပိုင် မြဝတီဘဏ်အား ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD အဖွဲ့ထံမှ သိရသည်။ 

ငွေကြေးဖောင်းပွမှုဖြစ်စေမည့် ငွေကျပ်နှစ်သောင်းတန်ထုတ်ဝေမည့် စစ်ကောင်စီ၏ အစီအစဉ်အား အနှောင့်အယှက်ပေးရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ အထိအခိုက်မရှိစေရန် ရုံးပိတ်ရက်တွင်သာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဖောက်ခွဲမှုကြောင့် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိပြီး လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ (၁၁)ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် (၆၀)လမ်းနှင့် (၁၀၂)လမ်းထောင့်ရှိ ပြည်တွင်းအခွန်ရုံး (ကုန်လမ်းပိုဆောင်ရေး)အား  No More Dictatorship People Defence Force-NMD တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency