ပုလဲမြို့နယ်မှ ငွေကျပ်သိန်း(၃၀၀၀)ကျော် လိမ်လည်သွားသူကို ဖမ်းဆီးပေးရန် တောင်းဆိုထား

ပုလဲမြို့နယ်မှ ငွေကျပ်သိန်း(၃၀၀၀)ကျော် လိမ်လည်သွားသူကို ဖမ်းဆီးပေးရန် တောင်းဆိုထား

စစ်ဘေးသင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသခံများအား ပြည်ပတွင်အလုပ်ရမည်ဟုဆိုကာ ငွေကျပ်သိန်း(၃၀၀၀)ကျော် လိမ်လည်သွားသူ(၂)ဦးကို တွေ့ရှိပါကဖမ်းဆီးပေးရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ဇွန်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပုလဲမြို့နယ်၊ မဲဇရပ်ကျေးရွာနေ အောင်ဇော်ထွန်း ဆိုသူသည် တစ်ဦးလျှင် (၃၈)သိန်းနှုန်းဖြင့် မလေးရှာနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေ၍ ပို့ဆောင်ပေးမည်ဟုဆိုကာ ပုလဲမြို့နယ်အတွင်းရှိ အလုပ်လိုအပ်သူများထံမှ ငွေကျပ်သိန်း(၃၀၀၀)ကျော်အား လိမ်လည်ရpယူပြီး ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

မြို့နယ် ပအဖ၊ ပကဖ များ၏ စုံစမ်းချက်အရ အောင်ဇော်ထွန်း အားစေခိုင်းသူမှာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ ရဲမွန် ဆိုသူ ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးမှာ လက်ရှိတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တို့တွင် သွားလာနေထိုင်၍ နိုင်ငံခြားသို့ ထွတ်ပြေးတိမ်းရှောင်ရန် ဆောင်ရွက်နေကြာင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အောင်ဇော်ထွန်းနှင့် ရဲမွန် တို့အား တွေ့ရှိပါက ပုလဲမြို့နယ် ပအဖ၊ ပကဖ ထံ ဆက်သွယ် အကြောင်းကြားပေးရန်နှင့် တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် မိမိတို့သက်ဆိုင်ရာမြို့နယ်များအတွင်း ရဲမွန်နှင့် အောင်ဇော်ထွန်း အားတွေ့ရှိပါက ဖမ်းဆီးထိန်း သိမ်းပေးရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့