မြန်မာစစ်တပ်က နိုင်ငံရ ပါတီများကို ဖျက်သိမ်းခြင်းသည် အာဏာနှင့် အကျိုးစီးပွားများ ပိုမိုတည်တံ့ခိုင်မြဲစေရန် ကြံဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်ပြောဆို

 အမေရိကန်  နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်[ Photo: Olivier Douliery | Reuters ]
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်[ Photo: Olivier Douliery | Reuters ]
မြန်မာစစ်တပ်က နိုင်ငံရ ပါတီများကို ဖျက်သိမ်းခြင်းသည် အာဏာနှင့် အကျိုးစီးပွားများ ပိုမိုတည်တံ့ခိုင်မြဲစေရန် ကြံဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်ပြောဆို
By Mr John

 

အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အပါအဝင် နိုင်ငံရေးပါတီ (၄၀)ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခြင်းအပေါ်  ပြင်းထန်စွာရှုတ်ချပြီး အာဏာနှင့် အကျိုးစီးပွားများ ပိုမိုတည်တံ့ခိုင်မြဲစေရန် ကြံဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၃ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ပြည်သူများသည် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် NLD နှင့် အခြားပါတီများကိုသာ တခဲနက်ပြန်လည်ရွေးချယ်ကာ ထောက်ခံမဲပေးခဲ့ကြပြီး နိုင်ငံရေးပါတီများကို ဖျက်သိမ်းသည့် စစ်အာဏာရှင်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများ၏ ဆန္ဒသဘောထားနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက် လက်ပြီးမထေမဲ့မြင်ပြုကြောင်း ပြောဆိုထားသည်။ 

နိုင်ငံရေးအတိုက်အခံပြုခြင်းကို ပိတ်ပင်ထိန်းချုပ်ရန်နှင့် အများပြည်သူလွတ်လပ်စွာပြောဆို လုပ်ကိုင် ခွင့်ရှိသည့် ပြည်သူ့အဝန်းအဝိုင်းကို မြေလှန်အမြစ်ဖြတ်ရန် အာဏာရှင်အဖွဲ့အစည်းက ဆက်လက်ကြိုးပမ်းနေမှုများသည် ၎င်းတို့၏ အာဏာနှင့် အကျိုးစီးပွားများ ပိုမိုတည်တံ့ခိုင်မြဲစေရန် ကြံဆောင်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာ ပြည့်နှက်နေသည့် ရွေးကောက်ပွဲအား ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ဆန္ဒကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။

ယခုလျှောက်လှမ်းလျက်ရှိသည့် လမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ရန်၊ မြန်မာပြည်သူများအပေါ် အကြမ်းဖက်ခြင်းကို ရပ် တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်အချက်များကို လေးစားလိုက်နာရန် စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုသည်ဟုလည်း ဖော်ပြထားသည်။

ဒါ့အပြင် စစ်မှန်သောပါတီစုံဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေးစားတန်ဖိုးထားရေးတို့အတွက် အားပေးထောက်ခံသွားရန် အမေရိကန်နိုင်ငံ၏ သံန္နိဋ္ဌာန်မှာ ဆက်လက်ခိုင်မာနေသည်ဟု လည်းဆိုသည်။