EU နှင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားမည် မဟုတ်

EU နှင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားမည် မဟုတ်
ဇူလိုင် 16, 2022 | နိုင်ငံတကာသတင်း
By Mr John

ဥရောပသမဂ္ဂ European Union (EU) နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအ‌ဝေးကို ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အာဏာသိမ်း မြန်မာစစ်အုပ်စု ခေါင်းဆောင်များကိုမူ ဖိတ်ကြားမည် မဟုတ်ကြောင်း သိရသည်။ 

ယခု ထိပ်သီးအစည်းအဝေးမှာ တရုတ်နှင့်ရုရှားတို့၏ လုံခြုံရေးခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်မှုများရှိနေစဥ် EU နှင့် အာဆီယံကြား ပိုမိုနီးကပ်သည့် ဆက်ဆံရေးထားရှိရန် လက္ခဏာတစ်ရပ်ဟု ဆိုသည်။

EU နှင့် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သွားမည်ဖြစ်သော်လည်း တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း Reuters သတင်းက ဖော်ပြသည်။ 

ထိပ်သီးအစည်းအဝေးမှာ လက်ရှိ ပထဝီနိုင်ငံရေးတွင် နီးကပ်သည့်ဆက်ဆံရေး တိုးမြှင့်လာသည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဖွဲ့ဝင် (၂၇) နိုင်ငံပါဝင်သည့် EU နှင့် အဖွဲ့ဝင် (၁၀) နိုင်ငံရှိသော အာဆီယံတို့ကြား ယခင်အစည်းအဝေးများတွင်မူ အလှည့်ကျ ဥက္ကဌများ တက်ရောက်လေ့ရှိကြသည်။ 

အရှေ့တောင်အာရှတွင် တရုတ်ပါဝင်ပတ်သက်နေမှုနှင့် တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများ၏ သက်ရောက်မှုများအပေါ် စိုးရိမ်မှုများ တိုးလာနေစဥ် ဥရောပသမဂ္ဂက ထိုဒေသတွင်း ၎င်း၏ဩဇာမြှင့်တင်ရန် ကြိုးစားနေကြောင်း နောက်ထပ် EU တာဝန်ရှိသူတစ်ဦးက ပြောသည်။

EU နှင့် အာဆီယံဥက္ကဌတို့သာမက သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ တက်ရောက်ကြမည့် EU နှင့် အာဆီယံ ထိပ်သီအစည်းအဝေးကို အာဏာသိမ်း မြန်မာစစ်အုပ်စု ခေါင်းဆောင်များကို ဖိတ်ကြားမည်မဟုတ်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရထံမှ ဥပဒေမဲ့ အာဏာသိမ်းခဲ့သည့် စစ်အုပ်စုကို EU က ဘေးမဲ့ပေးထားကာ ဝေဖန်ရှုတ်ချထားသည်။

 

Source: Reuters