ကင်ဆာဖြစ်စေသည့်ပိုးသတ်ဆေးဓါတ်ကြွင်းပါနေ၍ မီစဒတ် (Mi Sedaap)ခေါက်ဆွဲများကို စင်္ကာပူဈေးကွက်မှ ပြန်ရုပ်သိမ်းနေ

ကင်ဆာဖြစ်စေသည့်ပိုးသတ်ဆေးဓါတ်ကြွင်းပါနေ၍ မီစဒတ် (Mi Sedaap)ခေါက်ဆွဲများကို စင်္ကာပူဈေးကွက်မှ ပြန်ရုပ်သိမ်းနေ
By Tachileik News Agency

မီစဒတ် (Mi Sedaap)အသင့်စားခေါက်ဆွဲ နောက်ထပ်အမျိုးအစား (၂)ခုတွင် ပိုးသတ်ဆေးဓါတ်ကြွင်းရှိနေသည့် ငရုတ်သီးပါဝင်နေသည်ကို စစ်ဆေးတွေ့ရသဖြင့် ဈေးကွက်မှ ပြန်လည်ဖယ်ရှားရန်  Singapore Food Agency(SFA) က ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့တွင် ထပ်မံကြေညာထားသည်။

စင်္ကာပူနိုင်ငံသို့ တင်သွင်းလာသည့် အဆိုပါခေါက်ဆွဲခြောက်များအား စစ်ဆေးရာ ခေါက်ဆွဲအမျိုးအစား (၂)ခုတွင် ပိုးသတ်ဆေးဓါတ်ကြွင်းဖြစ်သည့် အီသိုင်လင်းအောက်ဆိုဒ်ပါဝင်နေသည့် ငရုတ်သီးများပါဝင်ကို  စစ်ဆေးတွေ့ရှိရသဖြင့် ဈေးကွက်မှ ဖယ်ရှားရန် အောက်တိုဘာလ (၆)ရက်နေ့တွင် စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး ထပ်မံတွေ့ရှိရသည့်အမျိုးအစားများအား ဆက်လက်ကြေညာနေခြင်းဖြစ်သည်။

လက်ရှိ အောက်တိုဘာလ (၁၁)ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ကြေညာချက် (၃)ကြိမ်ထုတ်ခဲ့ပြီး မီစဒတ် (Mi Sedaap)ခေါက်ဆွဲ(၆)မျိုး ဈေးကွက်မှ ဖယ်ရှားခိုင်းထားခြင်းဖြစ်သည်။

အဆိုပါ ခေါက်ဆွဲခြောက်ရှိ ငရုတ်သီးမှုန့်များတွင် ပါဝင်နေသည့် ethylene oxide သည် ကင်ဆာဖြစ်စေသည့် ဓါတုဓါတ်ကြွင်းတစ်ခုဖြစ်ကြောင်း သိရသည်။

မီစဒတ် (Mi Sedaap) အသင့်စားခေါက်ဆွဲမှာ စင်္ကာပူတွင် လူကြိုက်များသည့် အမှတ်တံဆိပ်ဖြစ်ပြီး အင်ဒိုနီးရှားမှ တင်သွင်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်များတွင်လည်း ရောင်းချနေသည်ကို တွေ့ရသည်။

Source:CNA