ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းအဖွဲ့နှင့် PNO ပူးပေါင်းစစ်ကြောင်းက ထိုးစစ်ဆင်၍ အချိန်(၁၁)နာရီဝန်းကျင်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့၊ ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ပုံအညွှန်း - တိုက်ပွဲရှောင်ပြည်သူများကို Free Burma Ranger(ကရင်နီ)အဖွဲ့ ရွှေ့ပြောင်းပေးနေစဉ်။
ပုံအညွှန်း - တိုက်ပွဲရှောင်ပြည်သူများကို Free Burma Ranger(ကရင်နီ)အဖွဲ့ ရွှေ့ပြောင်းပေးနေစဉ်။
ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းအဖွဲ့နှင့် PNO ပူးပေါင်းစစ်ကြောင်းက ထိုးစစ်ဆင်၍ အချိန်(၁၁)နာရီဝန်းကျင်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့၊ ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့နယ်အကြား လွယ်ဟွဲကျေးရွာအနီးတွင် အချိန်(၁၁)နာရီဝန်းကျင်အကြာ ပြင်းထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး   အာဏာသိမ်းစစ်ကောင်စီတပ်ဖက်က အထိနာ၍ အင်အားဖြည့်တင်းနေကြောင်း နှင့် ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။

ဖယ်ခုံ(PDF)၏ ထုတ်ပြန်ချက်

၂၀၂၁ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်က စတင်ကာ ညနေပိုင်းအထိ လွယ်ဟွဲကျေးရွာ နှင့် ပင်ပုံကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး PDF ဘက်က ထိခိုက် ဒဏ်ရာရရှိသူ (၂)ဦးရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ် နှင့် PNO ဘက်က ထိခိုက်သေဆုံးမှု များနိုင်ခြေရှိကြောင်း နှင့် အကျအဆုံးများကြောင့်လည်း အောင်ပန်းဖက်မှ စစ်ကူထပ်ခေါ်ကြောင်း သိရသည်။

ပုံအညွှန်း - တိုက်ပွဲရှောင်ပြည်သူများကို Free Burma Ranger(ကရင်နီ)အဖွဲ့က ရွှေ့ပြောင်းပေးနေစဉ်။

တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ဖယ်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်များထံသို့ အာဏာသိမ်းစစ်ကောင်စီတပ် နှင့် PNO ပူးတွဲစစ်ကြောင်းက ဝင်ရောက်ကျူးကျော်ရန်မူပြီး စတင်တိုက်ခိုက်လာသည့်အတွက်  ကရင်နီတပ်မတော်(KA)နှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဖယ်ခုံ)၊ ပြည်သူ့ကာကွယ်ရေးဒီးမော့ဆို၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မိုးဗြဲ)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖယ်ခုံ(PDF)က ဩဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားရှိသည်။

တိုက်ပွဲများဖြစ်နေသည့်အတွက် Free Burma Ranger(ကရင်နီ)အဖွဲ့က လွယ်ဟွဲကျေးရွာရှိ  ကလေးငယ်များနှင့် သက်ကြီးရွယ် ကျေးရွာသူ ကျေးရွာသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

 

#TachileikNewsAgency

Photo:  Free Burma Ranger(ကရင်နီ)