ရွေးကောက်ခံ အစိုးရသစ် ပေါ်ထွန်းလာသည်အထိ အခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း RCSS ထုတ်ပြန်

 ရွေးကောက်ခံ အစိုးရသစ် ပေါ်ထွန်းလာသည်အထိ အခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း RCSS ထုတ်ပြန်
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး

တပ်မတော်က နိုင်ငံ့အာဏာကို သိမ်းယူလိုက်သည့်အတွက် ရွေးကောက်ခံ အစိုးရသစ် ပေါ်ထွန်းလာသည်အထိ အခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အမျိုးသားနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် RCSS က ထည့်သွင်းဖော်ပြထားရှိသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ(RCSS)က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့မှ ၂၀၂၁ခုနှစ် မတ်လ(၂၁)ရက်နေ့အထိ TNLA နှင့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကိုလည်း RCSS ဘက်က တစ်ဖက်သတ်ရပ်ဆိုင်းလိုက်ပြီး နှစ်ဦးနှစ်ဖက်အကြား တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားရှိသည်။

Tachileik News Agency