တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး ထိုးကြိတ်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရ

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး ထိုးကြိတ်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မတ်လ(၁၉)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ရ၍ ပေါင်တွင် ကျည်ထိဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

၂၀၂၂ခုနှစ် မတ်လ(၁၉)ရက်နေ့ ည(၉)နာရီနှင့် (၁၀)နာရီအကြားတွင်  တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့သွားလမ်းတွင် အသက်(၄၁)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား နိုင်းနိမ်နမ်အား အမည်မသိ လူတစ်စုက ကားပေါ်တင်ပြီး ထိုးကြည့်ကာ သေနတ်ဖြင့် ပစ်ခတ်၍ ပေါင်တွင် ဒဏ်ရာရရှိသွားသည့်အတွက် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်းလည်း သိရသည်။

ယခုဖြစ်ပွားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းနေသည်ဟုသာ သိရသည်။

တာချီလိတ်မြို့တွင် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်အများစုမှာ သေနတ်များ ကိုယ်စီရှိကြသလို၊ သေနတ်ကိုင်ချင်၍ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သို့ ဝင်ရောက်ထားသည့် လုပ်ငန်းရှင်များလည်းရှိပြီး  အချင်းချင်း ကိုယ်ကျိုးစီးပွားအတွက် ပစ်ခတ်မှုများဖြစ်တတ်သော်လည်း အချင်းချင်း ပစ်ခတ်သည့် သေနတ်ပစ်ခတ်မှုများကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်စွမ်းမရှိကြောင်း သိရသည်။



#TachileikNewsAgency

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း