အမေရိကန်တွင် နည်းပညာကုမ္ပဏီများကို ချေးငွေထုတ်ပေးနေသည့် ဆီလီကွန်တောင်ကြားဘဏ် အပ်ငွေများ ပြန်ထုတ် မပေးနိုင်ဘဲ ဘဏ်လုပ်ငန်းပြိုလဲ

Photo: AP Photo/Jeff Chiu
Photo: AP Photo/Jeff Chiu
အမေရိကန်တွင် နည်းပညာကုမ္ပဏီများကို ချေးငွေထုတ်ပေးနေသည့် ဆီလီကွန်တောင်ကြားဘဏ် အပ်ငွေများ ပြန်ထုတ် မပေးနိုင်ဘဲ ဘဏ်လုပ်ငန်းပြိုလဲ
By Mr John

အမေရိကန်နိုင်ငံတွင် နည်းပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီအသစ်များ တည်ထောင်ရာတွင် ချေးငွေထုတ်ပေးနေသည့် ဆီလီကွန်တောင်ကြားဘဏ် Silicon Valley Bank (SVB) မှာ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိတော့ဘဲ (၄၈) နာရီအတွင်း ပြိုလဲသွားခဲ့ကြောင်း သိရသည်။ 

SVB ဘဏ်ပြိုလဲမှုမှာ အမေရိကန်သမိုင်းတစ်လျှောက်တွင် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း ဒုတိယအကြီးမားဆုံး ငွေကြေးအဖွဲ့အစည်း ပြိုလဲမှုဖြစ်လာခဲ့သည်။

အမေရိကန်၏ အကြီးဆုံးဘဏ် (၂၀) အနက် ပါဝင်နေသည့် SVB ဘဏ်က ငွေအပ်နှံသူများကို ငွေပြန်ထုတ်မပေးနိုင်သည့် အခြေအနေဖြစ်လာပြီးနောက် ယခုအခါ ဘဏ်ကို အမေရိကန်ပြည်ထောင်စု အပ်ငွေအာမခံကော်ပိုရေးရှင်း (US Federal Deposit Insurance Corporation - FDIC) ဝင်ရောက်ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ 

SVB ဘဏ်ပြိုလဲမှုက လုပ်ငန်းသစ်တည်ထောင်မှုနှင့် နည်းပညာကဏ္ဍအပေါ် သိသိသာသာ ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။

SVB ဘဏ်ကို ၁၉၈၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမေရိကန်အခြေစိုက် နည်းပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီများ၏ ထက်ဝက်နီးပါးကို ငွေကြေးအကူအညီပေးနေသည်။ 

SVB ဘဏ်မှာ အမေရိကန်၏ အကြီးဆုံးဘဏ် (၂၀) တွင် ပါဝင်နေပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ (၂၀၉) ဘီလီယံရှိကြောင်း FIDC ၏ စာရင်းများအရ သိရှိရသည်။

Source: Reuters