တရုတ်သမ္မတ ရှီကျင့်ဖျင် အီရန်နိုင်ငံသို့ တရားဝင်ခရီးစဥ် သွားရောက်မည်

အီရန်သမ္မတ နှင့် တရုတ်သမ္မတတို့ တရုတ်နိုင်ငံ ဘေဂျင်းတွင် ၂၀၂၃ခုနှစ် ဖေဖာ်ဝါရီလ(၁၄)ရက်နေ့က တွေ့ဆုံစဉ် [ Photo: West Asia News Agency]
အီရန်သမ္မတ နှင့် တရုတ်သမ္မတတို့ တရုတ်နိုင်ငံ ဘေဂျင်းတွင် ၂၀၂၃ခုနှစ် ဖေဖာ်ဝါရီလ(၁၄)ရက်နေ့က တွေ့ဆုံစဉ် [ Photo: West Asia News Agency]
တရုတ်သမ္မတ ရှီကျင့်ဖျင် အီရန်နိုင်ငံသို့ တရားဝင်ခရီးစဥ် သွားရောက်မည်
ဖေဖော်ဝါရီ 17, 2023 | နိုင်ငံတကာသတင်း
By Mr John

တရုတ်သမ္မတ ရှီကျင့်ဖျင် အီရန်နိုင်ငံသို့ တရားဝင်ခရီးစဥ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ (၁၆) ရက်တွင် ပြောကြားသည်။ 

အီရန်နိုင်ငံ၏သမ္မတ အီဗရာဟင်မ်ရိုင်စီ၏ (၃) ရက်ကြာ တရတ်ခရီးစဥ်အတွင်း ရှီကျင့်ဖျင်ကို အီရန်သို့လာရောက်ရန် ဖိတ်ကြားခဲ့ရာ ၎င်းက ဝမ်းမြောက်စွာ လက်ခံခဲ့သည်ဟု ဆိုသည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၆ ခုနှစ်တွင် ၎င်း၏ ပထမဆုံး အရှေ့အလယ်ပိုင်းခရီးစဥ်အတွင်း အီရန်နိုင်ငံသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ဖူးသည်။

တရုတ်နှင့်အီရန်မှာ ၂၀၂၁ ခုနှစ်တွင် ၎င်းတို့၏ ခိုင်မာသော စီးပွားရေးဆက်ဆံမှုကို ပိုမိုအားကောင်းစေရန် လုပ်ဆောင်လာခဲ့ပြီး (၂၅) နှစ်တာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

သို့သော် ရုရှားက ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်၍ ၎င်းတို့ နှစ်နိုင်ငံ၏ ရပ်တည်ချက်အပေါ် အနောက်အုပ်စုနိုင်ငံများထံမှ ဖိအားပေးမှုများကို ကြုံနေကြရသည်။

အီရန်နိုင်ငံမှာ ၎င်း၏ နျူကလီးယားလက်နက် အစီအစဥ်အတွက် အမေရိကန်၏ တင်းကျပ်သော ပိတ်ဆို့ဒဏ်ခတ်မှုများကိုလည်း ခံနေရသည်။ 

ယခုခရီးစဥ်အတွင်း ရှီကျင့်ဖျင်နှင့် အီဗရာဟင်မ်တို့က အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများကို ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။ 

ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့၏ တရုတ်နှင့်အီရန် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်တွင် ရှီကျင့်ဖျင်၏ အီရန်ခရီးစဥ်ကို အတည်ပြုထားသော်လည်း မည်သည့်နေ့ရက်၌ သွားရောက်မည်ကို မဖော်ပြထားဟု ဆိုသည်။

Source: Reuters, Bangkok Post